Wednesday, April 24, 2013

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်

ကျောက်ကပ်ဝေဒနာသည်များဝမ်းမြောက်ဖွယ်
ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍
ချမ်းသာသောသူပင် ဒေ၀ါလီ ခံ ရသော ရောဂါ ပါ ။ ကျောက်ကပ်ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ
ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာများပါသည်။
လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။
ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက်ကင်း၍ နာတာရှည် ခံစားနေရသူ
များသက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါမည်ဟု လုံးဝအာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။သိသိခြင်း ဆောင်ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။
စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။အနောက်
နိုင်ငံများတွင်ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ
ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။
မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ယခုတင်ပြသောဆေးနည်းမှာ
ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။(အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)
၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။လဖက်ခြောက်ခပ်၍ရေနွေးသောက်သလိုသောက်ပါ။အဖတ်ဝါးစားပါ။ညနေစာစားပြီး နာရီဝက်ခန့်
ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။
၃။ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက်ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။
ဖြေးဖြေးသက်သာလာပါမည်။

၎။ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကိုတွေ့ရပါမည်။
ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာရှိပါသေးသည်။သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်

credit to Sandar Laynyuntmg

ကျီးပေါင်းအတွက် သင်္ဘောရွက်

ကျီးပေါင်းအတွက် သင်္ဘောရွက်
=================

သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံး
သည်။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီးမသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။ အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။
အပူပိုင်းဒေသများတွင် လုံးဝိုင်းသောအမျိုးက ပို၍ ဖြစ်ထွန်းပြီး ပို၍ချိုသည်။ သင်္ဘောသီးသည် စားကောင်းရုံမျှမက ဆေးဘက်ဝင်ကြောင်းကို ရှေးကအိန္ဒိယ အာယုဗေဒဆေးကျမ်းများတွင် တခမ်းတနား ဖော်ပြခဲ့သည်။

အနောက်တိုင်းတွင်လည်း ၁၅ ရာစုခန့်က တွေ့ရှိသည့် ခရီးသည်ကြီး မာကိုပိုလို၏ မှတ်တမ်းများတွင် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့် သွားဖုံးသွေးယိုရာဂါနှင့် ရေစီးကမ်းပြိုရောဂါများမှာ သင်္ဘောသီး စားရုံနှင့် ပျောက်ကင်းကြောင်းနှင့် အလွန်ကျေးဇူးကြီးသည့် ရွှေရောင်အသီးဖြစ်ကြောင်း မှတ်တမ်းများ တွေ့ရှိခဲ့ကြရသည်ဟု ဆိုသည်။ သင်္ဘောသီးအမှည့်တွင် ဗီတာမင် အေနှင့်စီ အမြောက်အများ ပါဝင်သည်ဟု ဆိုသည်။ ဗီတာမင်အေမှာ မျက်စိအတွက်နှင့် ဗီတာမင်စီမှာ ကိုယ်ခံအားအတွက် ကောင်းခြင်းနှင့် ကင်ဆာကို ကာကွယ်နိုင်သော Antioxident ဟု ဆိုကြသည်။ သင်္ဘောသီးအစိမ်းမှာ အစာကြေစေသည်။ အသားကို နူးစေသည်။ ဟင်းအဖြစ် ချက်စားလျှင် အစာအိမ်ရောင်ခြင်း၊ အသည်းရောဂါများကို ကောင်းစေနိုင်သည်ဟု ဆိုသည်။ သင်္ဘောသီးတွင် အဓိက ပါဝင်သောဓါတ်မှာ (papin) ဟုခေါ်ပြီး အခြား ရှားပါးသတ္တုဓါတ်များ မင်ဂနိ(စ်)နှင့် သွပ်ဓါတ်၊ ထုံးဓါတ်များလည်း ထိုက်သင့်သလောက် ပါဝင်သည်ဟု အဆိုရှိသည်။
ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။ ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။ လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။ ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။

သင်္ဘောသီး၏ အဟာရနှင့် ဆေးအသုံးဝင်ပုံကို အသိများသော်လည်း သင်္ဘောရွက်၏ ဆေးဘက်ဝင်ပုံကို သိသူနည်းသဖြင့် တင်ပြလိုက်ရပါသည်။ သင်္ဘောရွက်တွင် ရွက်နုနှင့် ရွက်ကြမ်းနှစ်မျိုး ရှိသည်။ ထွက်ခါစအရွက်နှင့် အဖူးတို့ကိုပြုတ်ပြီး တို့စရာအဖြစ် စားသုံးလေ့ ရှိကြသည်။ ရွက်ကြမ်းများကို မီးကင်၊ မီးမြိုက်ပြီး ဆေးဘက်ဝင်အဖြစ် စားသုံးလေ့ ရှိကြသည်။ ရှေးကပင် လူကြီး၊ သက်ကြီးရွယ်အိုများနှင့် လေသက်၍ အစာကြေစေသည်ဆိုကာ အရွက်ကြမ်းကို မီးမြိုက်ပြီး စားသုံးလေ့ရှိကြသည်။ ရင်ကြပ်၊ ပန်းနာနှင့် စကားပြောလျှင် မောပြီး လေမဆက်သူများအတွက် သင့်တော်သည်။ သင်္ဘောရွက်သည် ခါးသောအရသာ ရှိသည်။ ခါးသောအရာ မှန်သမျှသည် လေကိုဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှုများလျှင်၊ လွန်ကဲလျှင်ေ ခါင်းမူးတတ်သဖြင့် အခါးအရသာရှိသော အသီးအရွက်မှန်သမျှ သင့်တင့်ရုံသာ စားသုံးရမည်။

သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန်စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘောင်္ရွက်သတ္တုရည်ဟု ခေါ်သည်။ မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောက်ြကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။

ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။ စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကိုထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။

ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။ သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။

ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။ သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။ ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပ်ါလာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။

ရေးသားသူက - ကြည်လွင်မြင့်(မုဒြာ)
(သဘာရရဲ့အားအင်)
ကျီးပေါင်းအတွက် သင်္ဘောရွက်
=================
သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံး
သည်
။ အထူးသဖြင့် အပူပိုင်းဇုန်များတွင် ပို၍ဖြစ်ထွန်းသည်။ သင်္ဘောပင်၏ ထူးခြားချက်မှာ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိသည်။ အဖိုပင်သည် အသီးမသီးပေ။ မြေသြဇာကောင်းလျှင် သင်္ဘောအမပင်မှ အသီးများမှာ ပင်စည်ပတ်လည်တွင် နေရာမလပ် ပြွတ်သိပ် ညပ်နေအောင် သီးလေ့ရှိသည်။ အသီးကြီးစေချင်လျှင် ကြားညပ်သော အသီးများကို ချွေပေး ခူးပေးရသည်။ သင်္ဘောသီးတွင်လည်း အလုံးအဝိုင်းမျိုးနှင့် အရှည်သီးဟူ၍ နှစ်မျိုးတွေ့ရသည်။

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့ သုံးနည်း

လိုအပ်ချက်တွေ ကတော့
1.PC ( Personal Computer ) မှာ အင်တာနက် ချိတ်ထား ရပါမယ်..
2. မိမိ အသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသား ဖြစ်ရပါမယ်..

3. မိမိဖုန်းနဲ့ ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန် မှန်ကန်နေရမှာ ဖြစ်ပါတယ်..

လုပ်နည်း

1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာ ဖြစ်ပါတယ်... သာမန်အားဖြင့် Settings>> Application >>Development>>USB Debugging မှာ အမှန်ခြစ် ရပါတယ်.. Android 4.2 နှင့် အထက် သမားတွေ ကတော့ ဒီမှာ ဖတ်ကြည့်ပါ...

2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီး ရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက် လိုက်ပါ...

3. အောက်မှာ ပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...

Dev-Host => http://adf.ly/NZwTH

Solidfiles => http://adf.ly/NZwb4

Mediafire => http://adf.ly/NZwfc

4. ဒေါင်းလို့ ရလာတဲ့ ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...

5. ပေါ်လာတဲ့ ဘောက်မှာ Select Device ဆိုတဲ့ အကွက်ကို နှိပ်ပြီး ကိုယ့်ဖုန်း အမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကို သိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေ ပါလိမ့်မယ်..

6. ခဏ ကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကို နှိပ်ပေးလိုက်ပါ..

7. အားလုံးပြီး သွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ ရပါပြီ ခင်ဗျာ...

တစ်ချို့ အခက်အခဲ တွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်. ဒါလုပ်ပြီး သွားရင် တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့် နိုင်ပါသေးတယ်...

အဆင်ပြေကြ ပါစေခင်ဗျာ..

မောင်ပေါက်

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံ တကာ ဆေးပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။ 

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ် လာပါတယ်။ 

ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေး လည်း ဈေးကြီး ပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေ ပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥ ကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။ 

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။ 
--
Ref: medic-fact, wiki
ရိုးရာလေး

Thursday, September 27, 2012

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool (Update Post)

Android ဖုန်း Setting ကို မြန်မာလိုဘာသာပြန်ပြီး လန်းရအောင် or Apk Multi-Tool (Update Post)
ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ Java သွင်းထားဖို့လိုပါမယ်။ မသွင်းရသေးရင် အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။

Java အားရယူရန်

Java ကို computer မှာ install လုပ်ပြီးရင် Adb ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။။။

Adb ဖိုင်အားရယူရန်

၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd \android
adb devices

( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်းအမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင် Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။

Apk Multi-Tools Download

၁။ Root Explorer app သုံးပြီးတော့ ဖုန်းထဲက System>app ထဲက setting.apk နဲ့ System>framework ထဲက framework-res.apk ကို copy ကူးပြီး ကွန်ပျူတာထဲထည့်ထားပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်၊ other  ဖိုဒါထဲကို ဆက်ဝင်ပြီး အဆင့် ၁ မှာရလာတဲ့ framwork-res.apk ဖိုင်ကိုအဲဒီ other ဖိုဒါထဲကို ထည့်ပါ။
၃။ Apk Multi-tools folder ထဲက 25kB ရှိတဲ့ ဒုတိယ Setup.bat ကို run ပါ။

၎။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 2 ကိုရွေးပါ။ Keyboard ကနေ 2 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။ ပြီးရင် install framework ဖြစ်တဲ့ option 1 ကိုရွေးပါ။
၅။ ပြီးသွားလို့ အပေါ်က screen ကိုပြန်ရောက်ရင် option 3 ကိုရွေးပါ။  Press any key to continue လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။ (ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင် နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၆။ အဆင့် ၁ မှာ ကွန်ပျူတာထဲထည့်ခဲ့တဲ့  setting.apk ကို ” place-apk-here-for-modding ” လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။
၇။ Script.bat ကို Double click နှိပ်ပြီး run ပါ။

၈။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့ Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter ခေါက်ပါ။)။  အဆင့် ၁ မှာ လုပ်ခဲ့တဲ့ framework-res.apk ဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၉။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ် (Minimized လုပ်ပြီး) စောစောက Apk Multi-tools ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။ အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ ( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်းထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင် ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် Apk Multi-tool software က handle လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့ လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၁၀။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့ software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။ Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၁၁။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ မေးခွန်းတစ်ခုမေးပါလိမ့်မယ်။ n လိုက်ရိုက်ပြီး enter ခေါက်ပါ။
၁၂။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါထဲသွားပြီး System_Setting.apk ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၃။ ပြီးရင် စောစောက(အဆင့် ၇) Project ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက res ဖိုဒါထဲကိုဝင်ပါ။
၁၄။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး အဲဒီထဲဝင်လိုက်ပါ။
၁၅။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး Note++ ကိုရွေးပေးပါ။
၁၆။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့ စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့ အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၇။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၈။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့ စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၉။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၂၀။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။

၂၁။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း
လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။) ၂၂။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၃။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၄။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၅။ ပထမတစ်ခေါက်တုန်းက အတိုင်းပဲ ပထမမေးခွန်းမှာ y ကိုရွေးပြီး ဒုတိယမေးခွန်းမှာ n ကိုရွေးပါ။
၂၆။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး unsignedSetting.apk ဆိုတဲ့ ဖိုင်လေးကို unsigned ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၇။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၈။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၉။ CWM flashable zip ဒေါင်းရန်

၃၀။ 7zip software ဒေါင်းရန်

၃၁။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၂။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၃။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၄။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၅။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။        ။
ဝှုးးးးး မောထှာ….:) ဝိုင်းဝန်းစမ်းသပ်ပေးကြတဲ့ MMUG မှာ ညီအကို member များအား အထူးပင်ကျေးဇူးတင်ပါတယ်ခဗျာ…နို့မို့…ကျွန်တော်တစ်ယောက်ပဲရပြီး ကျန်တဲ့သူတွေမရဘဲ solution ပျောက်နေမှာဗျ……
ကျေးဇူးထပ်တင်ပါရစေခဗျာ:)

နောက်တစ်ခုက ဒီပို့စ်မှာ comment ပေးသွားတဲ့ တစ်ယောက်ပြောသလိုပဲ မိုဘိုင်းဖုန်းဆိုင်ရာ ခေါ်ဆိုမှုတွေကို မြန်မာဘာသာ စံသတ်မှတ်ချက်လေးတစ်ခုလိုက် ဝိုင်းဝန်းတည်ဆောက်လိုက်ရင် ပိုကောင်းသွားမလားလို့ပါ။ တစ်ခုတော့ ရှိသင့်ပါတယ်။ ဘယ်လို အကောင်အထည်ဖော်သင့်သလဲ ဆိုတာ အကြံဝိုင်းပေးကြပါအုံး။

Note++ Software အားရယူရန်

SIM Card ကို Nano SIM Card အဖြစ် ညှပ်နည်း ( Tutorial)

SIM Card ကို Nano SIM Card အဖြစ် ညှပ်နည်း ( Tutorial)

iPhone 5 ကိုမြန်မာနိုင်ငံက MPT SIM Card တွေနဲ့လည်းအသုံးပြုလို့ရတာကိုတွေ့ရပါတယ်။ ဒါပေမယ့် iPhone 5 မှာထည့်သွင်းအသုံးပြုဖို့အတွက် Nano SIM Card အရွယ်အစားကိုညှပ်ပစ်ဖို့တော့လိုပါတယ်။ သာမန် SIM Card ကို Nano SIM Card အဖြစ်ညှပ်ဖို့အတွက် SIM Card Cutter တွေရှိသလို ကတ်ကြေးနဲ့လည်း Scale အတိအကျတိုင်းထွာပြီး သေချာညှပ်လို့လည်းရပါတယ်။ အခု ဆိုင်ကိုသွားပြီး SIM Card ကို Nano SIM ကဒ်အဖြစ်မဖြတ်ချင်ဘဲ ကိုယ် ကိုယ်တိုင် SIM Card ကို nano sim card အဖြစ်ညှပ်နည်းကိုတင်ပြပေးလိုက်ပါတယ်။
(ညွှန်ကြားချက်များအတိုင်း သဝေမတိမ်းလုပ်ဆောင်ရင် Nano SIM Card အဖြစ်အောင်မြင်စွာပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အန္တရာယ်များပါတယ်)
အရင်ဆုံး အောက်မှာပေးထားတဲ့ပုံနှစ်ပုံကို တစ်ပုံစီစာရွက်တစ်ရွက်စီနဲ့ Print ထုတ်ပါ။ (အခုပေးထားတဲ့ original size အတိုင်းပဲ print ထုတ်ပါ။

ပုံ(၁)

ပုံ(၂)

ပုံနှစ်ပုံစလုံးကို စာရွက်တစ်ရွက်စီနဲ့ print ထုတ်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ SIM Card ကို Nano SIM Card အဖြစ်စတင်ပြောင်းလဲကြပါမယ်။ ကိုယ့်ရဲ့ SIM Card က
ုပုံမှန် SIM Card Size ဆိုရင်တော့ ပုံ(၁)ကနေစလုပ်ရမှာပါ။ ကိုယ့်ရဲ့ SIM Card က Micro SIM အနေနဲ့ညှပ်ပြီးသားဆိုရင်တော့ Nano SIM လုပ်ဖို့အတွက် ပုံ(၂) ကို print ထုတ်ထားတဲ့ ဒုတိယစာရွက်နဲ့လုပ်ရမှာပါ။ SIM Card ကပုံမှန် Size ပဲရှိသေးတယ်ဆိုရင် အောက်မှာပြောထားတဲ့အတိုင်း အဆင့် (၁)ကစလုပ်ပါ။
SIM card က micro SIM အဖြစ်ညှပ်ထားပြီးသားကို Nano SIM အဖြစ်ညှပ်ချင်တာဆိုရင်တော့ အဆင့်(၂) ကနေစလုပ်ပါ။

အဆင့်(၁)
မိမိ SIM Card ကပုံမှန် SIM Card size ပဲရှိသေးတယ်ဆိုရင်အခုပြောတဲ့အဆင့်ကနေစလုပ်ပါမယ်။ စောစောက print ထုတ်ထားတဲ့ပုံ (၁) ပေါ်က SIM Card အရာလေးပေါ်မှာ SIM Card ကိုတင်လိုက်ပါ။ ပြီးရင် မှင်စုဘောပင်ဒါမှမဟုတ် ဆော့ပင်ကိုသုံးပြီး အခုစာရွက်ပေါ်ကအရာတွေအတိုင်း SIM Card ပေါ်မှာမျဉ်းကြောင်းအရာတွေပေးပါ။

ပြီးရင်တော့ SIM Card ကို အခု SIM Card ပေါ်မှာမှတ်လိုက်တဲ့အရာတွေအတိုင်းညှပ်လို့ရပါပြီ။

ညှပ်ပြီးသွားပြီဆိုရင်တော့ Micro SIM Card အရွယ်အစားကိုရောက်ရှိသွားပါပြီ။ Nano SIM Card အရွယ်အစားရောက်ရှိဖို့အတွက် အောက်မှာပြောထားတဲ့ အဆင့်(၂)ကိုဆက်လက်လုပ်ဆောင်ရပါမယ်။

အဆင့်(၂)
မိမိ SIM Card က Micro SIM Card အဖြစ်ညှပ်ပြီးသား ဒါမှမဟုတ် အဆင့်(၁)အတိုင်းလုပ်ဆောင်ပြီးပြီဆိုရင်တော့ အခုပြောတဲ့အဆင့်ကိုဆက်လုပ်ပါမယ်။ စောစောက print ထုတ်ထားတဲ့ပုံ (၂) ပေါ်က SIM Card အရာလေးပေါ်မှာ SIM Card ကိုတင်လိုက်ပါ။ ပြီးရင် မှင်စုဘောပင်ဒါမှမဟုတ် ဆော့ပင်ကိုသုံးပြီး အခုစာရွက်ပေါ်ကအရာတွေအတိုင်း SIM Card ပေါ်မှာမျဉ်းကြောင်းအရာတွေပေးပါ။

ပြီးရင်တော့ SIM Card ကို အခု SIM Card ပေါ်မှာမှတ်လိုက်တဲ့အရာတွေအတိုင်းညှပ်လို့ရပါပြီ။

ညှပ်ပြီးသွားပြီဆိုရင်တော့ Nano SIM Card အဖြစ်သို့ရောက်ရှိသွားပြီဖြစ်ပါတယ်။ iPhone 5 မှာထည့်သွင်းသုံးစွဲနိုင်ပါပြီ။

iPhone 5 အသစ်ကို ပထမဆုံးအကြိမ် ခွဲစိပ်ဖြာကြည့်ခြင်း [ Photos ]

iPhone 5 အစစ်ရဲ့ အတွင်းပိုင်းမှာ ဘာတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာ
Myanamr Mobile Uses တွေနဲ့အတူ
ပထမအဆုံးအကြိမ် ဖွင့်ပြီး ကြည့်ကြည့်ရအောင် ..

ဓာတ်ပုံတချို့နဲ့အောက်မှာ ဖော်ပြပေးထားတဲ့အတွက် ဗဟုသုတ အနေနဲ့ပဲဖြစ်ဖြစ်
လေ့လာကြည့်ကြရအောင် ….

Source Link : Pandadapp.com

iPhone 5 အတွက် Jailbreak အောင်မြင်ပါပြီ

ကဲ iPhone 5 ထွက်လို့ ကိုင်မယ်လို့ပြင်ကြတုန်းရှိသေးတယ်
iPhone 5 ကိုင်မဲ့သူတွေ ၊ iPhone 5 အတွက် Untethered Jailbreak မရှိမှာ
စိုးရိမ်နေကြတဲ့သူတွေအတွက် iPhone 5 အတွက် Cydia Jailbreak အောင်မြင်ကြောင်း
တရားဝင်ထွက်ရှိလာပါပြီ..။

iOS 5.1.1 မှာ Untethered Jailbreak ထွက်ရှိဖို့ လအတော်တန်ကြာ စောင့်စားခဲ့ရတဲ့အတွက်
iOS 6.0 ကို စတင်သုံးစွဲနေတဲ့သူတွေ ၊ iPhone 5 အသုံးပြုမဲ့သူတွေအတွက် iOS 6.0
အတွက် untethered Jailbreak မရှိမှာအတွက် တော်တော်လေး စဉ်းစားလာရပါတယ်။
အခုဆိုရင် Grant Paul ( chpwn ) ၇ဲ့ ပြောကြားချက်နဲ့ တရားဝင်ဖော်ပြမူအရ
iPhone 5 ကိုင်မဲ့သူတွေ ၊ iPhone 5 အတွက် Untethered Jailbreak မရှိမှာ
စိုးရိမ်နေကြတဲ့သူတွေအတွက် iPhone 5 အတွက် Cydia Jailbreak အောင်မြင်ကြောင်း
တရားဝင်ထုတ်ဖော်ပြလာတဲ့အတွက် iOS 6.0 စတင်သုံးစွဲနေသူတွေနဲ့ ၊ iPhone 5 ကို
ကိုင်မယ်လို့ ဆုံးဖြတ်ထားသူတွေအတွက် သတင်းကောင်းလေး တစ်ခုအနေနဲ့
ရေးသားလိုက်ပါတယ်ခင်ဗျာ ……

Wednesday, September 26, 2012

Extra Buttons ထည့်လိုသူများအတွက်

ကျွန်တော် ဒီတစ်ခါ သိပြီးတဲ့သူ လည်းရှိမယ် မသိသေး တဲ့သူ လည်းရှိမယ်။ ဒီကောင်လေးတစ်ခုနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ Windows Explorer Title Bar မှာ ကျွန်တော်တို့ Extra Buttons လေးတွေ ထည့်ရအောင်ဗျာ။ မိမိတို့ နှစ်သက်တဲ့ Buttons လေးတွေကိုပဲရွေးပြီးထည့်နိုင်သလို အကုန်လုံးလဲထည့်လို့ ရပါတယ်။ ကျွန်တော်ကတော့ ပြရတာအဆင်ပြေအောင် အကုန် လုံးကိုထည့်ထားပါတယ်။ သူ့ရဲ့ ပါဝင်တဲ့ Features လေးကလည်း တော်တော်လေးကို ကောင်းပါတယ်။ အောက်မှာ ဆက်ကြည့်ရအောင်ဗျာ။
ကျွန်တော်ပထမဆုံး ဖိုလ်ဒါလေးတွေရဲ့ Transparency တန်ဖိုးလေးတွေချပြီး ဖိုလ်ဒါလေးကို ကြည့်ရအောင်ဗျာ။ ပုံမှာကြည့်လိုက်ပါ။
ဒါလေးကိုကြည့်လိုက်ပါ။ ဒါကကျွန်တော် ဖိုလ်ဒါလေးတွေရဲ့ Transparency ကို 50 % အထိလျှော့ချထား တာပါ။ ကျွန်တော် နည်းနည်းပဲပြမယ်ဗျာ။ သုံးရတာလည်းလွယ်လို့ပါ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ Box ထဲထည့်တာပေါ့ဗျာ။ ကြည့်ကြည့်ပေးပါ။ 
ကျွန်တော် Mozilla ရဲ့ ဒီ Button လေးကို နှိပ်ပါမယ်။ ကြည့်ကြည့်လိုက်ပါ။ 
 Mozilla ဒီလိုညာဘက်ထောင့်ကို ရောက်သွားပါပြီ။ ကျွန်တော်တို့ ဒီ Buttons လေးတွေကို မိမိတို့ စိတ်ကြိုက် Hot Key လေးတွေထည့်ပြီး အသုံးပြုနိုင်ပါသေးတယ်။ Notification Area Icons လေးတွေထဲ မှာ ဝင်ပြီးဖွင့်လို့ရပါတယ်။ ကျွန်တော်ပုံလေးနဲ့လဲပြထားပါသေးတယ်။

ဒီလောက်ဆိုရင် အသုံးပြုမယ့်ပုံကို သိလောက်ပါပြီ။ ကျွန်တော်အောက်မှာ နှစ်နေ ရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်ပါဗျာ။
Extra Buttons

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Windows 7 တွင် File Sharing ပြုလုပ်နည်း

အခုကျွန်တော် Windows 7 အသုံးပြု သူတွေအတွက် Local Aera Network ( Lan ) ထဲမှာ  File Sharing  ပြုလုပ် တဲ့ နည်းလမ်းလေးကို မေးထားတဲ့ အကို တစ်ယောက်လည်း ရှိတာနဲ့ ကျန်တဲ့ မသိသေးတဲ့ သူများလည်း အဆင်ပြေအောင် ရေးပေးသွားပါမယ် ..ကျွန်တော် အားလုံး အဆင်ပြေအောင် အောက်မှာ ပုံလေးတွေ နဲ့ တစ်ဆင့်ချင်း ရှင်းပြေပေး သွားပါမယ် .. သိပြီး သားသူများကတော့ သည်းခံ ပေးပါခင်ဗျာ .. မသိသေးတဲ့ သူတွေ အတွက် ရည်ရွယ်ပါတယ် ..

 Windows 7 မှာ File Sharing မလုပ်မှီ အရင်ဆုံး ဘာတွေ ပြင်ဆင် ဖို့လိုလည်း ဆိုတာကို ရေးပေးပါမယ် .. အရင်ဆုံး အောက်က ပုံမှာ ပြထားတဲ့ အတိုင်း  Local Aera Connection ပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကိုသွားလိုက်ပါ .. 

အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင် File and Printer Sharing for Microsoft Networks မှာ အမှန်ခြစ်လေး ပေးမထားပါက အမှန်ခြစ်ပေးလိုက်ပါ .. ပေးပြီးသား ဆိုရင်တော့ မလိုပါဘူး ..  ပြီးရင် OK ပေးလိုက်ပါ ..

နောက်တစ်ဆင့် အနေနှင့် မိမိတို့ အသုံးပြုနေတဲ့ Network အတွင်းမှာရှိတဲ့ တစ်ခြား စက်တွေကို File Sharing တွေကို ပြုလုပ် နိုင်ဖို့ အတွက်  Change Advance Sharing Setting  မှာသွားပြီးတော့ ပြင်ဆင် ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ် .. ဒါမှသာ မိမိတို့က Sharing လုပ်လိုက်တာ ကို တစ်ခြား စက်မှာ လက်ခံလို့ ရမှာ ဖြစ်ပါတယ် .. ကျွန်တော် ဘယ်လိုလုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ အဆင့်ဆင့် ပြပေးထားပါတယ် .. အရင်ဆုံး Control Panel  ကိုသွားလိုက်ပါ ..

အောက်က အဆင့် အတိုင်း ရောက်ပြီ ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Turn on ပေးလိုက်ပါ ..

အောက်က အဆင့်မှာတော့ နံပါတ် ( 5 ) အဆင့်မှာ တစ်ချက် သိထားရပါမယ် .. တကယ်လို့ မိမိတို့က Turn on ပေးလိုက်မယ် ဆိုရင် မိမိတို့ Sharing လုပ်ထားတဲ့ ဖိုင်ကို တစ်ခြား စက်မှာ ဖွင့်မယ် ဆိုရင် မိမိတို့ စက်မှာ ခံထားတဲ့ Administrator Password နဲ့ဖွင့်မှ ဖွင့်လို့ ရပါလိမ့်မယ် .. Turn Off ပေးလိုက်မှသာ တစ်ခြား စက်ကနေ တိုက်ရိုက် ယူသုံးလို့ ရမှာ ဖြစ်ပါတယ် .. ပြီးရင်တော့ Save Changes ပေးလိုက်ပါ ..

အပေါ်က အဆင့်တွေ အတိုင်း ပေးပြီး သွားပြီ ဆိုရင်တော့ File Sharing လုပ်တာကို ဆက်ပြီး ရေးပေး သွားပါမယ် .. အရင်ဆုံး မိမိတို့ Sharing လုပ်ချင်တဲ့ Folder တစ်ခုကို Right Click ထောက်လိုက်ပါ .. ပြီးရင် အောက်က ပုံအတိုင်း Sharing with ကနေပြီး  Specific People  ကိုသွားလိုက်ပါ ..

အောက်ကပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ အားလုံးကို Sharing ပေးမှာ ဖြစ်တဲ့ အတွက် Everyone ကိုရွေးလိုက်ပါ ။ ပြီးရင် Add ကိုနှိပ်လိုက်ပါ ..

အောက်က အဆင့်မှာတော့  Permission ပေးရမှာ ဖြစ်ပါတယ် .. Read ကိုပေးမယ် ဆိုရင်တော့ Sharing လုပ်လိုက်တဲ့ File ကို အသုံးပြုလို့ ရမှာ ဖြစ်ပေမယ့် တစ်ခြားစက်ကနေ Sharing လုပ်ထားတဲ့ File ကို ဖျက်ပစ်တာတို့  ပြင်ဆင်တာတို့  ပြုလုပ်လို့ ရမှာ မဟုတ်ပါဘူး .. Read / Write နှစ်ခုလုံး ပေးလိုက်ရင်တော့ တစ်ခြား စက်ကနေလည်း မိမိ Sharing လုပ်လိုက်တဲ့ File ကို ပြင်ဆင်တာတို့ ဖျက်ပစ်တာတို့ ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ် ..

မိမိတို့စိတ်ကြိုက် Permission ပေးပြီး သွားပြီ ဆိုရင်တော့ Share ကိုနှိပ်လိုက်ပါ ..

ပြီးရင်တော့  အောက်က ပုံမှာ ပြထားတဲ့ အတိုင်း Done ပေးလိုက် ယုံပါပဲ .. ။ ဒါဆိုရင် မိမိတို့ Sharing လုပ်ချင်တဲ့ Folder ကို Network ထဲမှာ ရှိတဲ့ တစ်ခြား စက်ကနေ လှမ်းယူပြီး အသုံးပြုလို့ ရသွားပါလိမ့်မယ် ..

အောက်က ပုံကတော့ ရှယ်ယာ ပေးထားတဲ့ Folder ပုံပဲ ဖြစ်ပါတယ် .. 

အပေါ်က ပုံအတိုင်း ရှယ်ယာ ပေးပြီး သွားပြီ ဆိုရင်တော့ အောက်မှာ ကျွန်တော် ဆက်ပြီးတော့  Share ပေးထားတဲ့ ဖိုင်တွေကို ဘယ်လို ပြန်ပြီး တော့ ဖျက်လို့ ရမလည်း ဆိုတာကို ဆက်ပြီးတော့ ရေးပေး သွားပါမယ် ..

ကျွန်တော်တို့ Share ပေးထားတဲ့ Folder ပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Properties ကို သွားလိုက်ပါ .. 

အောက်ကပုံ အတိုင်း Properties Box ကျလာပြီ ဆိုရင် Sharing Tab ကို သွားလိုက်ပါ .. ပြီး ရင် Advance Sharing ကို သွားလိုက်ပါ ..

အောက်က ပုံအတိုင်း ပေးလာပြီ ဆိုရင်တော့ Share this folder မှာ ရှိတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ယုံပါပဲ..

တကယ်လို့ မိမိတို့ Share ပေးထားတဲ့ ဖိုဒါကို တစ်ယောက်ယောက်က အသုံးပြုနေ တယ်ဆိုရင် အောက်က ပုံအတိုင်း မေးပါလိမ့်မယ် .. သူ့ကို အသုံးပြုခွင့် ပေးအုံးမယ် ဆိုရင်တော့ No ပေးလိုက်ပါ .. မပေးတော့ ဘူးဆိုရင်တော့ Yes ပေးလိုက်ယုံပါပဲ ..

ဒီလောက် ဆိုရင်တော့ အားလုံးပဲ Windows 7 မှာ File Sharing လုပ်တာနဲ့ ပါတ်သတ်ပြီး အဆင်ပြေ သွားမယ်လို့ ထင်ပါတယ် ..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ် ဆိုရင် အောက်မှာ ဒေါင်းလော့ ချသွားလိုက်ပါ ..

Download  Ifile.it   ၊  Download  Mediafire

အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..

Boot Menu မှာ Windows နှစ်ခု မပေါ်ချင်ဘူး ဆိုရင်

ကျွန်တော် အခု မေးထားတာ တွေကို အတက်နိုင် ဆုံးတော့ ပြန်ဖြေပေး နေပါတယ် .. စာရေးလိုက် ဖြေလိုက်တော့ လုပ်ပေး သွားပါမယ် .. မေးခွန်းတွေ ချည်းပဲ လိုက်ဖြေ နေရရင်လည်း ဘာစာမှ မရေးဖြစ်လောက် တော့မှာ သေချာပါတယ် .. အဲ့ဒါကြောင့် စာရေးလို့ ဖြေလိုက်တော့ လုပ်ပေး သွားပါမယ် .. အခု ကျွန်တော် အကို တစ်ယောက် မေးထားတဲ့ Windows နှစ်ခု တင်ပြီးတဲ့ အချိန်မှာ Windows တစ်ခုကို ဖြုတ်ပြီး သွားပေမယ် .. Boot တက်တဲ့ အချိန်ကျရင် Windows တန်းမတက်ပဲ Windows နှစ်ခု ရွေးခိုင်း တာလေးကို Windows တန်းတက်အောင် ဘယ်လို လုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို ရေးပေး သွားပါမယ် .. နည်းလမ်း လေးကတော့ လွယ်ပါတယ် .. ဒါပေမယ့် မသိသေးတဲ့ သူတွေလည်း အဆင်ပြေအောင် ကျွန်တော် ပုံလေးတွေနဲ့ အသေးစိတ် ရေးပေးသွားပါမယ် ..
အရင်ဆုံး Keyboard မှ Windows logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ .. ပြီးရင် Run Box ထဲမှာ msconfig လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ .. ဒါဆိုရင် System Configuration Box လေး ကျလာပါလိမ့်မယ် ..
အောက်က ပုံမှာ ပြထားတဲ့အတိုင်း Boot ကို သွားလိုက်ပြီ ဆိုရင် ကျွန်တော်တို့ တင်ထားတဲ့ Windows အမျိုးအစားတွေကို Boot Setting ထဲမှာ တွေ့ပါလိမ့်မယ် .. ဒီနေရမှာ တစ်ခု သိထားဖို့ လိုတာက ကျွန်တော်တို့ ဖြုတ်လိုက်တဲ့ Windows က ဘယ် Partation ထဲမှာ ရှိတယ် ဆိုတာကို သိထားဖို့ လိုပါလိမ့်မယ် .. ကျွန်တော် ဖြုတ်လိုက်တဲ့ Windows က Partation H: ထဲမှာ တင်ထားခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်က :H ကိုရွေးပြီး Delete ပေးလိုက်ပါတယ် ..

မိမိတို့ ဖြုတ်လိုက်တဲ့ Windows ကိုရွေးပြီး Delete ပေးပြီး သွားပြီ ဆိုရင်တော့ အောက်ကပုံအတိုင်း Apply >> OK ပေးလိုက်ယုံပါပဲ ..

အပေါ်က ပုံအတိုင်း Restart ပေးပြီး သွားပြီ လို့ Windows ပြန်တက်လာပြီ ဆိုရင်တော့ အရင်လို ဘယ် Windows ကိုရွေးချယ် မယ်ဆိုတာ မမေးတော့ပဲ တစ်ခါထဲ Windows တန်းတက်လာမှာ ဖြစ်ပါတယ် .. 
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..