Wednesday, September 26, 2012

Firefox နေရာမှာ Maxthon 3 နဲ့အစားထိုးသုံးကြည့်ရအောင်



ကျွန်တော်ဒီနေ့တော့အားလုံးကို Browser တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်..အဲ့ဒီကောင်လေးကတော့
Maxthon 3.0  ပဲဖြစ်ပါတယ်..ကျွန်တော်တို့အခုအသုံးပြုနေတဲ့ Firefox တို့ Chrome တို့ထက်တိုကိုအသုံး
ပြုရတာပိုပြီးတော့အဆင်ပြပါတယ်..Firefox မှာအသုံးပြုသလို Internet Download Manager တို့ကအစ
ဒီကောင်လေးက Support လုပ်ပေးထားတာတွေ့ရပါတယ်..တစ်ခုရှိတာက Unicode ကို Support မလုပ်
တာပါပဲ...ကျန်တာတွေအကုန်လုံးကတော်တော်လေးကိုအသုံးပြုရတာအဆင်ပြေပါတယ်..Unicode 
ကိုအသုံးပြုတဲ့ဆိုဒ်တွေကိုဖွင့်ရတာအဆင်မပြေတာကလွဲရင်ကျန်တာတွေအကုန်လုံးကတော့သုံးစွဲတဲ့သူ
တွေကိုစိတ်ကြိုက်ဖြစ်စေမှာပါ..။ပြီးရင်ဒီကောင်လေးရဲ့ Loading Time ကလဲကျွန်တော်တို့အသုံးပြုနေတဲ့
Firefox တို့  Chrome တို့ထက်ကိုသိသိသာသာကြီးမြန်နေတာကိုတွေ့ရပါလိမ့်မယ်..သူရဲ့ Memory Usage
ပမာဏကလဲ Firefox နဲ့ယှဉ်ရင်အရမ်းကိုကွာလွန်းပါတယ်..100 >> 10 လောက်ကိုဖြစ်နေတာပါ..ဒီကောင်
လေးကိုသုံးကြည့်လိုက်ရင်ပိုပြီးတော့သိသွားပါလိမ့်မယ်...

အရင်ဆုံး Maxthon 3.0 မှာပါဝင်တဲ့ Feature လေးတွေကိုမိတ်ဆက်ပေးရင်နဲ့ Install တာကနေစပြီးကျွန်
တော်ပုံလေးတွေနဲ့ရှင်းပြပေးသွားပါမယ်..အရင်ဆုံး Maxthon 3.0 ကိုစပြီး Install လုပ်လိုက်ပါ..







အပေါ်ကပုံအတိုင်း  Install လုပ်တာပြီးသွားပြီဆိုတာနဲ့ ကျွန်တော်တို့ Maxthon 3.0 လေးမှာမြန်မာဖောင့်
ရေးလို့ဖတ်လို့ရအောင်ဘယ်လိုလုပ်ရမယ်ဆိုတာကိုအောက်မှာဆက်ပြီးတော့ရှင်းပြပေးထားပါတယ်..













ကဲမြန်မာလိုသုံးလို့ရသွားပြီဆိုတော့ကျွန်တော်တို့ကျန်တဲ့  Feature လေးတွေကိုဆက်ပြီးလေ့လာကြည့်ရ
အောင်ဗျာ....







အောက်မှာပြထားတဲ့ပုံလေးကတော့ကျွန်တော်တို့အရင်က Firefox မှာသုံးချင်တဲ့အခါ Add-on လေးတွေ
ထည့်ပြီးသုံးရတဲ့ Firefox ကိုလေးလာစေပါတယ်..အခု Maxthon 3.0 ကျတော့သူမှာထဲကပါပြီးသားဖြစ်
တဲ့အတွက်သီးသန့်ထပ်ထည့်နေစရာမလိုတော့တဲ့အတွက်ပိုပြီးတော့အဆင်ပြေစေပါတယ်..





တကယ်လို့ကျွန်တော်တို့ကမိမိတို့ကြိုက်တဲ့ဆိုဒ်လေးတွေကိုအခုလင့်လေးတွေနေရာမှာအဆင်သင့်ရှာရတာ
လွယ်အောင်ပြောင်းပြီးထည့်ချင်တယ်ဆိုရင်လဲရပါတယ်..အောက်ကပုံလေးအတိုင်းလုပ်ပေးလိုက်ယုံနဲ့အဆင်
ပြေသွားပါလိမ့်မယ်...












































ကဲဒီလောက်ဆိုရင်တော့ Maxthon 3.0 လေးကိုတော်တော်တော့မြည်းစမ်းမိသွားပြီလို့ထင်ပါတယ်...ဒီကောင်
လေးက  Free  ပေးထားတာဖြစ်တဲ့အတွက်သုံချင်တယ်ဆိုရင်သူရဲ့ဆိုဒ်ပဲသွားပြီးဒေါင်းလော့ချလို့လဲရပါတယ်..

သူရဲ့  Feature လေးတွေကိုလေ့လာချင်သေးတယ်ဆိုရင်တော့  ဒီလင့်လေး  မှာသွားပြီးလေ့လာလို့ရပါသေး
တယ်...

သုံးချင်တဲ့သူများကတော့အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..

http://www.maxthon.com/mx3/index.htm

( OR )


Download  Here
ဒီပိုစ့်လေးကို ကျွန်တော်အောက်မှာ PDF ဖိုင်လေးနဲ့ထပ်ထုတ်ပေးထားပါတယ်။နှစ်နေရာခွဲတင်ပေးထားပါ
တယ်။အဆင်ပြေမယ့်လင့်ခ်လေးကနေသာယူသွားလိုက်ပါဗျာ။

Downloading from ifile.it

Downloading from mediafire

အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ...
 

No comments:

Post a Comment