Tuesday, July 17, 2012

သံသရာ

အလွမ်းတွေ ရင်မှာထွေး
ဒုက္ခကို တွေ့လေခါမှ
ဘဝရဲ့ အဓိပ္ပာယ်ပြည့်စုံပါတယ်
ဘဝရဲ့ အဓိပ္ပာယ်ကို
သိလေခါမှ လောကကိုနားလည်လာ
ကြေနပ်စရာတွေ့သော်လည်း
တခဏပါ များမကြာ
အနှေးအမြန် ရောက်လာပါသတဲ့
ပူဆွေးသောက ဒုက္ခတဖန်တွေ့ဆုံခဲ့ရ
တကယ်တော့ ဘဝဟာ
သံသရာ စက်ဝိုင်းရဲ့
ဗဟိုချက်ပါလား။ ။

No comments:

Post a Comment