Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, July 17, 2012

သံသရာ

အလွမ်းတွေ ရင်မှာထွေး
ဒုက္ခကို တွေ့လေခါမှ
ဘဝရဲ့ အဓိပ္ပာယ်ပြည့်စုံပါတယ်
ဘဝရဲ့ အဓိပ္ပာယ်ကို
သိလေခါမှ လောကကိုနားလည်လာ
ကြေနပ်စရာတွေ့သော်လည်း
တခဏပါ များမကြာ
အနှေးအမြန် ရောက်လာပါသတဲ့
ပူဆွေးသောက ဒုက္ခတဖန်တွေ့ဆုံခဲ့ရ
တကယ်တော့ ဘဝဟာ
သံသရာ စက်ဝိုင်းရဲ့
ဗဟိုချက်ပါလား။ ။

ဘဝ

ဘ၀ရဲ့....
အချိန်ခဏတာလေးမှာ
ပေးဆပ်မှုက အတိတ်ဘဝ
ဆုတောင်းမှားခဲ့လေလားမသိ
ခံစားချက်ကိုရင်မှာမျိုးသိပ်ရင်း
လက်ရမ်းကာညာသံပေးလို့
လေပြင်မှာအတောင်ပံဖြန်ဖို့
ငါအသိုက်ကထွက်ခဲ့ချိန်
ရွှေလမ်းငွေလမ်းတွေ
အိပ်မက်နဲ့ ပန္နက်ရိုက်
ရည်မှန်းချက်တွေက
ဘ၀စာမေးပွဲမှာ
အောင်မြင်မှုနတ္ထိ။ ။
မွေးဖွားခြင်းအစ သေဆုံးခြင်းအဆုံးတဲ့
ကြားကာလမှာ
မျှော်လင့်ချက်ထားပြီး
ပန်းတိုင်ရောက်အောင်
ဇွဲထုတ်သော်လည်း
ရောင်ခြည်မသန်း
အသိစိတ်နှင့် ဆက်လက်ကြိုးစား
လူဆိုတဲ့ဘ၀တခု
သံသရာမဆုံးခင်ထိ။ ။

ပန်းတိုင်

ဒုက္ခကို  အဖော်ပြု
ကြမ္မာကို မှတ်ကျောက်တင်ကာ
ခိုင်မာတဲ့ဆုံးဖြတ်ချက်နှင်အတူ
အောင်မြင်မှုကိုရယူ
ကြံခိုင်စိတ်ထား
ယောက်ျားကောင်းတိုရဲ့  အောင်မြင်မှု
ဆွတ်ခူးရန်  အဆင်သင့်
ဘ၀ခရီးလမ်း  အောင်ပွဲ့တွေ
ထပ်ကာ အလီလီ
ရဖို့ရန်  ဧကန်မလွဲ။  ။

Monday, July 16, 2012

မျှော်လင့်ခြင်း

အေးစက်မာကြော  အိပ်ပျော်နေသော
နှလုံးသားကို   နိုးထစေသော
လစန္ဒာရယ်...
လမိုက်ညက   အသင်္ချေ
လိုချင်ရက်မက်  လရိပ်ကို
မျှော်သာမျှော်   ပေါ်မလာလေ
လရောင်မသန်း   ညစဉ်တိုင်းမှာ
ဝေဒနာတွေက   လွမ်းတေးဆို
အဖြေရှာမရလေတော့...
မချစ်ဖူးတော့  အချစ်ရူးဖြစ်
မကြင်နာတတ်လေတော့   ရင်နာရ
အသဲကျွှမ်းရင်   စွဲလမ်းမယ်
ပျော်ရွှင်ကြည်နူး   တဒင်္ဂမှာ
လွမ်းဆွေးရက်က   မဖြေသာ
ဝေဒနာတိုးပွား   နှလုံးသားမှာ
မျှော်လင့်စောင့်ကြို   နေ့ရက်များစွာ
အချစ်လောင်မီး   မငြိမ်းသာလို့
နှလုံးသားဘ၀င်မှာ  ကြွေခမျက်ရည်
တ၀ဲလည်လည်....
ဘယ်သောအခါမှ    အသဲအိမ်ကို
အေးမြလာအောင်  စွမ်းဆောင်မလဲ
မောင့်လမင်းလေးရယ်...။     ။

ဘီလူး

ခြေရာလည်းပျောက်   ရေလည်းနောက် ဆိုရိုးစကား     ထင်ယောင်မြင်ဆဲ
ချစ်ဖွယ်စကား   နှုတ်ဖျားချိုနေ
စကားရယ်ကြွယ်   မာယာနောက်ကွယ်
ဟန်ပန်အပြုံး  ရူပတင့်တယ်
နှလုံးပုပ်နှင့်     လိုရာဆွဲဆောင်
ပရိယယ်စုံနှင့်     ညှို့ယူကာငင်
တောရိုင်းသတ္တ၀ါကို   အလွတ်မပေး
ဘီလူးမတွေ    ။  ။
နယ်ပယ်မကျွမ်း    ကျွံလေမိတော့
မဆိုးလက်ဝယ်   အသက်သန္ဓေ
ခန္ဓာပေးကာ  သံဝေဂတရားနှင့်
ဘ၀ရောင်ခြည်  ကင်းမဲ့လေပြီး  ။   ။

ဆန္ဒ

မြင်ချင်တွေ့ချင် နှစ်ဖြာသောစိတ်ကြောင့်
သီကာကုံးဖွဲ့ အလွမ်းဆွေးတွေ
ချစ်သူသိပါစေကြောင်း ဆက်သလိုက်တဲ့
သ၀ဏ်လွှာက ပင်လယ်ပြင်မှာ
ငုံလျှိုသွားတဲ့ ငါးကလေးလို
ပြန်ပေါ်မလာ မျှော်ရှာတွေးတော
လွမ်းမောမပြေ ညစဉ်ညတိုင်း
အိပ်စက်ချိန်မှာ ၀င်ကာနှောက်ယှက်
တမ်းတစိတ်ကြောင့် အိပ်ပျက်ညတွေ
များခဲ့ချေပြီး ...
အသိအာရုံတွေကို ညှို့ယူဖမ်းစား
ဒီရင်ခွင်မှာ စွမ်းအင်မရှိ
အသဲနံရံတွေ ကြွေကာပျက်စီး
နှလုံးသားက ငိုခြိုက်သံ
မင့်လေးကြားနိုင်မလား.....