Tuesday, July 17, 2012

ဘဝ

ဘ၀ရဲ့....
အချိန်ခဏတာလေးမှာ
ပေးဆပ်မှုက အတိတ်ဘဝ
ဆုတောင်းမှားခဲ့လေလားမသိ
ခံစားချက်ကိုရင်မှာမျိုးသိပ်ရင်း
လက်ရမ်းကာညာသံပေးလို့
လေပြင်မှာအတောင်ပံဖြန်ဖို့
ငါအသိုက်ကထွက်ခဲ့ချိန်
ရွှေလမ်းငွေလမ်းတွေ
အိပ်မက်နဲ့ ပန္နက်ရိုက်
ရည်မှန်းချက်တွေက
ဘ၀စာမေးပွဲမှာ
အောင်မြင်မှုနတ္ထိ။ ။
မွေးဖွားခြင်းအစ သေဆုံးခြင်းအဆုံးတဲ့
ကြားကာလမှာ
မျှော်လင့်ချက်ထားပြီး
ပန်းတိုင်ရောက်အောင်
ဇွဲထုတ်သော်လည်း
ရောင်ခြည်မသန်း
အသိစိတ်နှင့် ဆက်လက်ကြိုးစား
လူဆိုတဲ့ဘ၀တခု
သံသရာမဆုံးခင်ထိ။ ။

No comments:

Post a Comment